Home Uncategorized ARSA က နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကို ပစ်တယ်ဆိုတဲ့ Video ဖိုင် ဇတ်လမ်းဆင်ရိုက်ထားသလား?

ARSA က နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကို ပစ်တယ်ဆိုတဲ့ Video ဖိုင် ဇတ်လမ်းဆင်ရိုက်ထားသလား?

ဇန်န၀ါရီ ၂၁,၂၀၁၉

ARSA က နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ဇန်န၀ါရီလ ၁၆ ရက်နေ့ မောင်တောမြို့နယ်မှာ ချောင်းမြောင်းပစ်ခတ်လို့ ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိသွားတယ်ဆိုတဲ့ Video ဖိုင်တစ်ခု အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး အဲဒီ Video ကို အစိုးရရုပ်သံသတင်းဌာနတွေကပါ သတင်းအဖြစ် ပြန်လည် ထုတ်လွှင့်သွားခဲ့ပါတယ်။

မူရင်း ရရှိတဲ့ ဆို့စ်ကို ဖော်ပြထားခြင်းမရှိတဲ့ ဒီVideo ဖိုင်ဟာ ဇတ်လမ်းဆင်ရိုက်ကူးထားတဲ့ လုပ်ဇတ်အဖြစ် ဝေဖန်မှုတွေမြင့်တက်နေပြီး တချိန်က ဟိန္ဒူတွေကို ကိုယ့်အိမ်ကိုယ် မီးရှို့တဲ့ မွတ်စလင် တွေအဖြစ် သရုပ်ဆောင်ခိုင်း ၀ါဒဖြန့်ခဲ့တဲ့ ညွှန်ကြားရေးမှူးဦးဇော်ဌေးရဲ့လုပ်ရပ်လိုပဲလို့ အများစုက ဝေဖန်ကြပါတယ်။

လူမှုကွန်ရက်နဲ့ အွန်လိုင်းလေ့လာစောင့်ကြည့်ရေးရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ကိုမြတ်သူက ARSA က ပစ်ခတ်တယ်ဆိုတဲ့ Video ဖိုင်မှာ သံသယဖြစ်စရာတွေရှိတယ်လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။

“ARSA ဟာ တ​လျှောက်​လုံး အရပ်​ဝတ်​နဲ့ပဲ ရှိခဲ့ပါတယ်​။ အမြဲတမ်း လက်​နက်​ကိုင်​တပ်​ဖွဲ့လိုမျိုး ယူနီ​ဖောင်း​တွေ အခြားအီ​ကွေ့မန့်​​တွေနဲ့ မတင်​ဖူးပါ။ARSA ရဲ့ လက်​နက်​​တွေကလည်း ရဲစခန်းကို ဝင်​သိမ်းထားတဲ့ ရဲအကျ ​သေနတ်​​တွေနဲ့ လုပ်​​သေနတ်​​တွေပါ။ အခု တက်​လာတဲ့ ဗီဒီယိုဖိုင်​က AK လို ​မောင်းပြန်​မျိုး​တွေပါ။ သံသယဖြစ်​စရာ​ကောင်းတာက အခု ARSA က ​ချောင်းပစ်​တယ်​ဆိုတဲ့ ဗီဒီယိုဖိုင်​မှာ အီ​ကွေမန့်​အစုံအလင်​အပြင်​ လက်​အိပ်​​တွေပါ ဝတ်​ထားပြီး​တော့ ​ခေတ်​မှီလက်​နက်​​တွေ ကိုင်​ထားတာကို ​တွေ့ရပါတယ်​။ ပါးစပ်​ကလည်း အလာဟူအက္ကဘာကို ကဒီးကဒီး ​အော်​​နေပါတယ်​။ARSA ရဲ့ ၂၀၁၇ စတိတ်​မန့်​​တွေကို ပြန်​ကြည့်​ရင်​ ဘာသာ​ရေးအ​ခြေခံတာထက်​ လူမျိုး​ရေးပိုဆန်​တဲ့ လက်​နက်​ကိုင်​အဖွဲ့သဖွယ်​ ထုတ်​ပြန်​ချက်​​တွေကို ​တွေ့ရမှာပါ။ အ​ရေးပါတဲ့တချက်​က ARSA ဟာ ဘင်္ဂလား​ဒေရှ့်​​ကော ဗမာအစိုးရ​ကော ဒီ​လောက်​ဖိထားတဲ့ကြားက ယခုလို ​ခေတ်​မှီတပ်​ဖွဲ့ကြီး ဖြစ်​လာပြီး ​ဂေါ်လာဖို့ဆိုတာ ​တော်​​တော်​​တွေးရခက်​ပါတယ်​။ အခုဟာက စကား​ပြောစက်​​တွေနဲ့ပါ ​ဂေါ်​နေတာပါ။ MRTV အ​နေနဲ့ ဒီဗီဒီယိုရဲ့ မူရင်း source ကို ​ဖေါ်ပြသင့်​ပါတယ်​။ကိုယ်​တိုင်​ ဝင်​ရိုက်​ထားသလိုမျိုး လက်​လွတ်​စပယ်​ မတင်​သင့်​ပါ။အနှစ်​ချုပ်​ ​ပြောလိုတာက ကျ​နော်​တို့အ​နေနဲ့ ရုပ်​ရှင်​ဆိုရင်​ ​ဟောလီးဝုဒ်​ကြည့်​ပါတယ်​ ​ပေါလိးဝုဒ်​မကြည့်​ပါ။ စောက်​တုံးရင်​ သစ်​ထွင်းမရပါ” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

ဒီဗီဒီယိုဖိုင်ကို ဖော်ပြတဲ့ MRTV နဲ့ ပြန်ကြားရေး ၀န်ကြီးဌာန MOI ရဲ့ သတင်းတွေအောက်မှာလည်း ဗီဒီယိုဖိုင်ဟာ လုပ်ဇတ်တစ်ခုအဖြစ် ထင်မြင်ချက်ပေးမှုတွေ အများအပြား တွေ့မြင်ရပါတယ်။

မောင်မှန်မြည်(ရခိုင်ပြည်နယ်) ဆိုတဲ့ အကောင့်ပိုင်ရှင်က “၁၆၊ ၁၊ ၂၀၁၉ ရက်​စွဲနဲ့ ARSA ​ဗီဒီယို ဆိုပြီး social media ​ပေါ် ပြန့်​နှံ့​နေတာ​တွေ့ရတယ်​။ဒီ​ဗီဒီယိုကို ​သေချာကြည့်​မိတဲ့အခါ သံသယဖြစ်​စရာ အချက်​အလက်​​တွေ အ​တော်​အသင့် တွေ့ထားတယ်​။ ဒါ​ပေမယ့် ​အလောတကြီး မှတ်​ချက်​မ​ပေးလိုပါဘူး။ အချိန်​တန်​ရင်​ အမှန်​တရားက ​ဗူး​ပေါ်သလို ​ပေါ်လာလိမ့်မယ်။ ထူးခြားချက်​​တွေအနက်​ ထူးခြားချက်​တစ်​ခုဟာ အာဆာဆိုတဲ့​အဖွဲ့က အရင်​က သူတို့်​ ဗီဒီယို​တွေ ထုတ်​ဖူးသမျှမှာ သူတို့ logo ကိုဘယ်​​တုန်းကမှ ထည့်မ​ပေးခဲ့ဘဲ အခု ဒီ​ဗီဒီယိုကျမှ Logo ကို​ရော “ကျ​နော်​ ARSA ကပါ” ဆိုတဲ့ ဝန်​ခံစကားကို​ရော ထပ်​​နေ​အောင်​ထည့်​​ပေးထားတာ တကယ်​ပဲ ထူးဆန်း​နေတယ်​။
နောက်​တစ်​ခုက ​ဒီ​ဗီဒီယိုရဲ့​ ​နောက်​​ထောင့်​တစ်​ခုမှာ အလံလိုလို ဘယ်​​တော့မှ မမြင်​ဖူးတဲ့ Logo တစ်​ခုကိုလည်း ထည့်ထားတယ်​။ ဒါကလည်း ထူးခြား​နေတယ်။ ​ဗီဒီယိုစထွက်​လာတဲ့ source၊ သုံးထားတဲ့လက်​နက်​၊ ဝတ်​ထားတဲ့လက်​အိတ်​၊ လွယ်​ထားတဲ့​ကျောပိုးအိတ်​၊ ရိုက်​​နေတဲ့ကင်​မရာနဲ့ အရိုက်​ခံ​နေသူ​တွေရဲ့ အ​နေအထား အမူအရာ စတဲ့ဟာ​တွေကို နိုင်​ငံတကာပညာရှင်​​တွေက အ​သေးစိတ်​ ​လေ့လာ​တော့မှာ​သေချာတာမို့ အမှန်​တရားတစ်​ခု အချိန်​တန်​ရင်​ ​ပေါ်လာလိမ့်​မယ်​။ ​လော​လောဆယ်​ ​သေချာမသိဘဲနဲ့ ​မှတ်​ချက်​​တွေ​ မ​ပေးချင်​​တော့ပါဘူး။ ကျ​နော်​တို့ ညီအစ်​ကို​တွေလည်း Social Media ​ပေါ် ​ရေးသား​ပြောကြတဲ့အခါ စိတ်​ခံစားမှုထက်​ ​အချက်​အလက်​​တွေအ​ပေါ်အ​ခြေခံပြီး ​ရေးမှ ပိုသင့်​​တော်​မယ်​ထင်​ပါတယ်​။ ဒါမှမဟုတ်​ အချိန်​အတိုင်းအတာတစ်​ခုအထိ ​စောင့်​ပြီး​ ဆက်​လက်​​လေ့လာဖို့လိုပါတယ်​။ ဆင်​ခြင်ကြရ​အောင်​” လို့ ရေးသားထားပါတယ်။

အလားတူပါပဲ Swe Mon ဆိုတဲ့ အကောင့်ပိုင်ရှင်က ဗီဒီယိုမှာ သံသယဖြစ်စရာတွေရှိနေသလို ဒီဗီဒီယိုဟာ အရင် ဟိန္ဒူတွေ မွတ်စလင်အယောင်ဆောင် မီးရှို့တာထက်တော့ ပိုပြီး သာလာတယ်လို့ ဆိုပါတယ်။

“ရဲကား အပစ်​ခံရတာ တကယ်​ ဟုတ်​ချင်​ ဟုတ်​မယ်​။ ဒါကို မငြင်းလို။မြင်​မိတာက တချက်​ပဲ။ တရုတ်​က လှူတဲ့ မြန်​မာရဲကား​တွေက ညာ​မောင်း​တွေ (ပုံ ရှာထည့်​​ပေးထားပါတယ်​) ​မောင်းတဲ့ ယာဉ်​​မောင်းက ရဲတပ်​သား မျိုး​ကျော်​လွင်​က ​မေးရိုးပါး​စောင်​ထွင်း​ဖောက်​ဒဏ်​ရာ ရတယ်​​ပြောတယ်​။ မြန်​မာပြည်​က VIP ဆို ​နောက်​ခန်း မထိုင်​ကြတဲ့ သဘာဝအရ ရဲမှူးကြီးဆိုတဲ့ ပုဂ္ဂိုလ်မျိုးက ​နောက်​ခန်းမှာ ထိုင်​စရာ အ​ကြောင်းမရှိ။ ဗီဒီယိုမှာ ​နောက်​ခန်းကို မြင်​ရတယ်။ ယာယီ အမိုးပါတဲ့ ရဲကား​နောက်​ခန်းမှာ ဘယ်​သူမှ ထိုင်​မ​နေ။ ရဲ အရာရှိ ၂ ​​ယောက်​အပြင်​ ကျန်​တဲ့ ၄ ​ယောက်​လုံး Double Cab ရဲ့ ​ခေါင်းခန်းမှာ ပြုံစီးကြတယ်​လို့ပဲ ယူဆကြတာ​ပေါ့ဗျား။ တကယ်​ဆို ဗီဒီယိုကို အ​နှေးဆုံးနှုန်းနဲ့ တကွက်​ချင်းကြည့်​ရင်​​တောင်​ ​ခေါင်းခန်းမှာ​တောင်​ တစ်​ဦးမှ မမြင်​ရ၊ ထား​တော့ …
ညာ​မောင်း ရဲကားမှာ ဒရိုင်​ဘာက ညာဖက်​၊ ရဲမှူးကြီးက ဘယ်​ဖက်​ထိုင်​မယ်​။ ပစ်​တယ်​ဆိုတဲ့ ARSA ​တွေက ယာဉ်​ရဲ့ ဘယ်​ဖက်​ခြမ်းက​နေ ပစ်​တာ၊ ရဲကား အရှိန်​မ​နှေး​နေဘူး။ မြန်​မြန်​​မောင်းတာ။ ပစ်​တဲ့​ကောင်​​တွေ ​ခေါင်းခန်းကို ထိ​အောင်​ ပစ်​ရင်​​တောင်​ ထိချင်းထိ ဘယ်​ခြမ်းက ရဲမှူးကြီးကို ထိရမှာ။ ရဲမှူးကြီးကို ​ကျော်​ပြီး ဒရိုင်​ဘာ ရဲသားရဲ့ ​မေး​ဖောက်​တယ်​ဆို​တော့ ညာ​မောင်း​ကားမှာ ဘယ်​ဖက်​က ရဲမှူးကို ​ကျော်​ပြီး ညာဖက်​က ဒရိုင်​ဘာကို ​မေး​ဖောက်​​အောင်​ ရမ်းသမ်းပစ်​တဲ့ ARSA ​တွေကို နင်​ဥာဏ်​​ကောင်းလွန်းလှတယ်​လို့ပဲ ​ပြောရ​တော့မယ်​ ထင်​ပါတယ်​။ ကျန်​တဲ့လူ​တွေ ဒဏ်​ရာမ​ပြောပ​လောက်​၊ ဒရိုင်​ဘာတစ်​ဦးတည်း ​မေးကို ကျည်​​ဖောက်​တာက တကယ်​အံ့သြစရာပါပဲ။
ဗီဒီယိုထဲမှာ ရဲကားကို ပစ်​တာ ၂ ​ယောက်​တည်း။ ဘယ်​ခြမ်းကပဲ ပစ်​တာ။ ​နောက်​အပိုင်း​တွေမှာမှ ဒိ့ပြင်​လူ​တွေ ပါလာတာ။ စစ်​တိုက်​တာ​တောင်​ မြင်​သာ​အောင်​ ​ကျောပိုးအိပ်​အပြာက​လေးနဲ့ ။စက္ကူလိပ်​လိုလို မိုင်းလိုလိုဟာကြီးက DVB က ဖွတဲ့ လက်​ပစ်​ဗုံး​တော့ မဟုတ်​​လောက်​။ ပစ်​တဲ့စတိုင်​က သန့်​တယ်​၊ ​ခြေ​ထောက်​က​လေး ​ကွေးပြီး ပစ်​ထဲ့လိုက်​တာ အင်​မတန်​ နန်းဆန်​တယ်​။ အတုယူစရာ​တွေချည်း။ ရုပ်​ရှင်​ထဲက အတိုင်းပဲ။ အလ္လာဟ်​ဟူအက္ကဗာရ်​​တောင်​ ​အော်​​ပေး​သေး။ ပစ်​ပြီး​တော့ အဲဒီ စက္ကူလိပ်ကြီး လွှင့်​သွားတာပဲ မြင်​ရတယ်။ ကွဲ မကွဲ မမြင်​ရ။ တကယ်​ဆို ဘယ်​သူ​တွေနဲ့ တိုက်​​နေတာ မြင်​ရရင်​ ပိုရှင်း​လောက်​တယ်​။ အဲဒီဖက်​ကို ဗီဒီယိုထဲမှာ ပြ​ပေမယ့်​ ​ပေါက်​ကွဲတာမျိုး မမြင်​ရ၊ တဖက်​သတ်​တိုက်​ပြီး တဖက်​သတ်​​အောင်​ပွဲရသွားသလို … ကြည့်မ​ကောင်းလှ။ဖြည့်​တွေးပါတယ်​။ ပစ်​​နေတဲ့ ၂ ​ကောင်​အပြင်​ ဗီဒီယိုရိုက်​တဲ့ ၁ ​ကောင်​၊ ​နောက်​ ဟိုဖက်​ခြမ်းက ​ကျောပိုးအိတ်​အပြာနဲ့လူ​တွေပါ ​ရောပြီး ပစ်​​နေတာ​တွေလည်း ရှိ​နေ​သေးလို့ ဒဏ်​ရာ​တွေ ရကုန်​တာ​နေမယ်​လို့ ဗမာကားကြည့်​​နေကျဖြစ်​သူပီပီ ဒီလိုပဲ ဖြည်​​တွေး ဖြည့်​​တွေးမိလိုက်​တာပဲဗျား။ ဒါ​ပေမယ့် TV စားပွဲခုံခင်းကြီးကို ​ခေါင်းပတ်​ပြီး မွတ်​စလင်ယောင်​​ဆောင်​ ရိုအိမ်​​တွေကို မီးရှို့​နေတဲ့ ဟို ဟိန္ဒူအဖွဲ့ထက်​ လုပ်​ရည်​ကိုင်​ရည်​ ပို​ကောင်းလာပါတယ်​လို့ပဲ မြင်​မိပါတယ်​” လို့ ရေးသားထားပါတယ်။

ARSA ပစ်ခတ်တဲ့ ဗီဒီယိုဖိုင်ကို အမှတ် ၂ စခန်း မကွေးရဲတပ်ဖွဲ့က လူမှုကွန်ရက်မှာ စပြီး တင်ခဲ့သလို အစိုးရရုပ်သံသတင်းဌာနတွေကလည်း သတင်းအဖြစ် ပြသနေတာမို့ မူရင်း ထွက်ရှိလာတာ ဟာ အစိုးရဘက်က ဇတ်လမ်းဆင်ပြီး ထုတ်တယ် ဝေဖန်မှုများစွာလည်း လူမှုကွန်ရက်မှာ တွေ့မြင်ရပါတယ်။

အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ARSA ဟာ မေယုတောင်တန်းအနောက်ဘက်ခြမ်းနဲ့ AAဟာ မေယုတောင်တန်းရဲ့ အရှေ့ဘက်ခြမ်းကို နှစ်ဖွဲ့ ညှိနှိုင်းချက်နဲ့ နယ်မြေပိုင်းခြား လှုပ်ရှားနေတယ်ဆိုပြီးလည်း သတင်းထုတ်ပြန်ပါတယ်။

 

Link: https://www.dhakatribune.com/bangladesh/rohingya-crisis/2019/01/20/un-expert-lee-discusses-rohingya-issue-with-fm-momen?fbclid=IwAR2a9rCOay9VGyfMIM2cSm5UR5gOY9vcnokOs_Ci8Jh847FXyqOSj5q2_WY

You may also like