Home Uncategorized AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များနှင့် ပတ်သက် ဆက်နွှယ်နေသူများအား တရား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိဟု ဆို

AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များနှင့် ပတ်သက် ဆက်နွှယ်နေသူများအား တရား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိဟု ဆို

January 16,2019

AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များနှင့် ပတ်သက် ဆက်နွှယ်နေသူများအား တရား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအတွင်း၌ AA အကြမ်း ဖက်သောင်းကျန်းသူ အဖွဲ့များက ဒေသခံ ပြည်သူများအသွင်ဖြင့် ဝင်ရောက်ပုံဖျက် လှုပ်ရှားလျက်ရှိကြောင်း သတင်းအရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် တပ်မတော်စစ် ကြောင်းများ လုံခြုံရေးလိုက်ပါလျက် ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်း တွင် အဆိုပါကျေးရွာ သို့သွားရောက်၍ သတင်းဖော် ထုတ် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ၌ မသင်္ကာဖွယ်ရာ ၁၅ ဦးကို တွေ့ရှိခဲ့သဖြင့် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့ဖြင့် ဥပဒေနှင့်အညီ ခေါ်ဆောင်၍ အသေးစိတ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ ရာ အဆိုပါ မသင်္ကာဖွယ်ရာ ၁၅ ဦးအနက် ၁၃ ဦးမှာ AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်မှု မရှိကြောင်း စိစစ် သိရှိရသဖြင့် ၎င်းတို့ကျေးရွာများသို့ ပြန်လည်စေလွှတ်ခဲ့ပြီး သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နှင့် ကျေးရွာနေ မောင်ကျော်ဝင်းတို့ နှစ်ဦးမှာ AA အကြမ်း ဖက်သောင်းကျန်းသူ အဖွဲ့များအတွက် ဆက်ကြေး ကောက်ခံပေးခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ လှုပ်ရှားမှုများအား စောင့်ကြည့် သတင်းပေးပို့ခြင်းများ ဆောင်ရွက်နေသည်ဟု စစ်ဆေးမေးမြန်း ဖော်ထုတ်သိရှိရသဖြင့် တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းသည် ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာ၏ မြောက်ဘက် မီတာ ၃ဝဝဝ ခန့်အကွာသို့ အရောက်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များထံသို့ စောင့်ကြည့် သတင်းပေးလျက်ရှိသည့် ကြိမ်သာ ကျေးရွာနေ ဦးစိန်ဦးနှင့် ဦးစိန်သာကျော်တို့နှစ်ဦးအား သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဆမ်ဆောင်းအမျိုးအစား တယ်လီဖုန်း နှစ်လုံးနှင့် အတူ ထပ်မံဖမ်းဆီး ရမိခဲ့သဖြင့် တရားဥပဒေအရ အရေးယူနိုင်ရေး သက်ဆိုင် ရာနယ်မြေ ရဲစခန်းသို့ ဆက်လက်လွှဲပြောင်း သွားမည်ဖြစ်သည်။

တပ်မတော်စစ်ကြောင်းများ အနေဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ သတင်းများ ရယူဖော်ထုတ်ပြီး AA အကြမ်းဖက် သောင်းကျန်းသူ များ၏ ရခိုင်ပြည်နယ်အတွင်း ဥပဒေမဲ့ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ကျေးရွာများအတွင်း ပုံဖျက်စိမ့်ဝင်လှုပ်ရှားမှုများ မရှိစေရေးအတွက် နယ်မြေလုံခြုံရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Link: https://www.facebook.com/News.TheLadies/posts/1112451785596456?__xts__[0]=68.ARAlDUsJLnfiF1LRb3UzUncfp1JhwAs0bixsFivRt2IE0WisOHzVHQbioKA41LpLupvASodWWocPtxrJwmxg0IZ7s_A9n4xFhhHX5R9NAMSviWZhJehTe59yB018ncd5J3QLFBo1TIEEtz30nUWYpUm1wvczV2GwgT4l1Hc761jyiS8RzXOjiuJOHuJ82DMuHBQMFd1J7j-vteDwd4JR_nVslN3EhdjXCNmrMhIxLrDFSGzPZeP5Hj_72fb3Jy7l-KSZ4cRI09YlHEnaVxsTYz_E4-bFclkRU1b72u8hSe3ivDQ4sarjWvIDq9PrU0E5yekXHr2BCpUtwo88hqGNwxXDwA&__tn__=-R

 

ဆက်သွယ်နေသော လင့်ခ်

https://burmese.voanews.com/a/rakhine-situation-refugee-got-arrested-/4743714.html

You may also like