Home အစီရင်ခံစာ Violence committed against the Rohingya

Violence committed against the Rohingya

No photo description available.

Photo Credit:

07-01-2019

ရခိုင်ပြည်နယ် တစ်ဝိုက် ကျေးရွာပေါင်း ( ၆၀၀ ) ကျော်မှ ရိုဟင်ဂျာ ရပ်လူကြီး ( ၅၃၄) ဦးကို (Physicians of Human Rights) လူ့ အခွင့်အရေး စောင့်ရှောက်တဲ့ ကမ္ဘာ့ဆေးပညာရှင်များ အဖွဲ့ မှ – စစ်ဆေးမေးမြန်ပြီး အောက်ပါအတိုင်း အစီရင်ခံစာ ဖြစ်ပါသည်။
.
၂၀၁၇ ခုနှစ်၊ ဇွန်လမှ – ( သြဂုတ်လ အာဆာ တိုက်ခိုက်မှု ပြီးနောက်) စက်တင်ဘာလ အထိ – ရိုဟင်ဂျာ ပြည်သူများကို လက်နက်ကိုင် အာဏာပိုင် အဖွဲ့အစည်းများနှင့် အစွန်းရောက် ဒေသခံများက မည်သို့ မည်ပုံ တိုက်ခိုက် ကျူးလွန်ခဲ့ကြောင်း –
.
၁။ သေကြေ၊ အထိအနာဖြစ်သူ ( ၉၁ % ) မှာ – တုတ်၊ ဓါး များနဲ့ ထိုးနက် ခံရကြောင်း။
.
၂။ သေကြေ၊ သတ်ဖြတ်ခံရသူ ( ၆၃ % ) မှာ အစ္စလာမ် ဘာသာရေး ဆရာများနှင့် စာသင်သားများကို အဓိက ပစ်မှတ်ထားပြီး သတ်ဖြတ် ခံရကြောင်း။
.
၃။ သေကြေ၊ သတ်ဖြတ်ခံရသူ ( ၅၅ % ) မှာ -သေနတ်ဖြင့် ပစ်သတ် ခံရကြောင်း။
.
၎။ သေကြေ သတ်ဖြတ်ခံရသူ ( ၃၃ % ) မှာ – ပိတ်လှောင် ခြုပ်နှောင်၍ သတ်ဖြတ် ခံရကြောင်း။
.
၅။ ရိုဟင်ဂျာ အမျိုးသမီး စုပေါင်း အရေအတွက် မှ ( ၂၈ % ) မှာ မုဒိန်းကျင့် ခံရကြောင်း။
.
၆။ သေကြေ၊ အထိအနာဖြစ်သူ စုပေါင်း အရေအတွက် မှ ( ၁၂ % ) မှာ မြေမြုပ် မှိုင်းထိ၍ သေကြေ၊ ဆုံးရှုံး ခံရကြောင်း။
.
၇။ သေကြေ၊ အထိအနာဖြစ်သူ စုပေါင်းအရေအတွက် မှ ( ၁၂ % ) မှာ -လက်ပစ်ဗုံး၊ လောင်ချာ၊ မော်တာများဖြင့် ပစ်သတ် ခံရကြောင်း။
.
၈။ မုဒိန်းကျင့်ခံရသူ စုပေါင်းအရေအတွက် မှ ( ၈ % ) မှာ အုပ်စုဖွဲ့ မုဒိန်းကျင့် ခံရကြောင်း –
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၉ သိန်းကျော် မှ ရခိုင်ပြည်နယ် တစ်ဝိုက်က ရိုဟင်ဂျာ ကျေးရွာပေါင်း ၆၀၀ မှ ရပ်လူကြီး ၅၀၀ ကျော် ကို အဆင့်ဆင့် မေးမြန်းစစ်ဆေး စုံစမ်းပြီး ယခုလို အစီရင်ခံ ထုတ်ပြန်လိုက်ပါတယ်။

 

Link: https://www.facebook.com/photo.php?fbid=359493814875138&set=a.104644880360034&type=3&theater

You may also like