Home Uncategorized မောင်တော၌ နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ဒီဇင်ဘာလကုန်ပိုင်း မီးလင်းမည်

မောင်တော၌ နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ဒီဇင်ဘာလကုန်ပိုင်း မီးလင်းမည်

Image may contain: mountain, sky, grass, outdoor and nature

Photo Credit From: MOI

 နိုဝင်ဘာ ၅.၂၀၁၈

 

ရခိုင်ပြည်နယ် မောင်တောမြို့ကို နိုင်ငံတော် လျှပ်စစ်ဓာတ်အား စနစ်ဖြင့် မီးရရှိရေးအတွက် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ ယခုနှစ် ဒီဇင်ဘာလ ကုန်ပိုင်းတွင် ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တစ်ခုလုံး ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် အစိုးရက လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး အဓိကထားဆောင်ရွက် လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် ၂ဝ၁၂ ခုနှစ်မှ လျှပ်စစ်မီးရရှိရေး လုပ်ဆောင် လျက်ရှိရာ မာန်အောင်မြို့နှင့် မောင်တော မြို့တို့တွင်သာ လျှပ်စစ်မီးရရှိရန် လုပ် ဆောင်လျက် ရှိကြောင်း၊ မောင်တောမြို့ တွင် ယခုနှစ်မကုန်မီ နိုင်ငံတော် ဓာတ်အား စနစ်ဖြင့် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးစီမံကိန်း ညွှန်ကြားရေးမှူး (မြောက်ပိုင်း) ဦးမင်းနိုင်ထံမှ သိရသည်။

”ရခိုင်ပြည်နယ်က အခြားပြည်နယ် ဒေသတွေနဲ့မတူဘဲ မြစ်ချောင်း၊ တောင် တန်းတွေ ပေါများတဲ့ဒေသ ဖြစ်ပါတယ်။ ရေလမ်းခရီးကို အဓိကအားထားနေရတဲ့ အတွက် လျှပ်စစ်ဓာတ်အားရရှိရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ နှောင့်နှေး ကြန့်ကြာမှု အခက် အခဲတွေတော့ ကြုံရ ပါတယ်။ ဘူးသီးတောင် ဓာတ်အားခွဲရုံ ကနေ မောင်တောဓာတ်အားခွဲရုံကို ဓာတ်အားပို့လွှတ်ဖို့ မေယုတောင်ကို ကျော်ဖြတ်ကာ ခက်ခက်ခဲခဲ တည်ဆောက် နေရပါတယ်။ မေယုတောင်ကြောကို ဖြတ်ပြီး ကြိုးသွယ်တန်းတာတွေ၊ တာဝါ တိုင်တွေ တည်ဆောက်ဖို့ ကျွမ်းကျင် အလုပ်သမားတွေ များစွာလိုအပ်ပါတယ်။ အလုပ်သမားရှားပါးမှုနဲ့ လမ်းပန်းဆက် သွယ်ရေး အခက်အခဲတွေ ရှိခဲ့ပါတယ်။ ရာသီဥတုဆိုးရင်တော့ မေယုတောင်ကို တက်ပြီး တည်ဆောက်ဖို့ မလွယ်တဲ့ အတွက် အချိန်ကြန့်ကြာနိုင်ပါတယ်။ ပုဏ္ဏားကျွန်း- ရသေ့တောင်- ဘူးသီး တောင်ဓာတ်အားခွဲရုံကို ၂ဝ၁၇ ခုနှစ် ဒီဇင် ဘာလမှာ စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီစက်ရုံကတစ်ဆင့် မောင်တောဓာတ်အားခွဲရုံကို ပို့လွှတ်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုလုပ်ငန်းတည်ဆောက်မှု အနေ ဖြင့် ဘူးသီးတောင်မှ မောင်တောမြို့ ဓာတ်အားခွဲရုံသို့ ကိုးမိုင်အကွာအဝေး အတွင်း တာဝါတိုင် စုစုပေါင်း ၃၈ တိုင် တည်ဆောက်ရမည်ဖြစ်ပြီး ဖောင်ဒေးရှင်း တည်ဆောက်မှုမှာ ၂၈ တိုင် ပြီးစီးနေပြီ ဖြစ်သောကြောင့် ယခုနှစ် ဒီဇင်ဘာလ ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးစီမံကိန်း မန်နေဂျာ ဦးနိုင်ဇာစောထွေးထံမှ သိရ သည်။

၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရရန်ပုံငွေနှင့် ပြည်နယ် အစိုးရရန်ပုံငွေတို့ဖြင့် တည်ဆောက်ခဲ့ သည့် ပုဏ္ဏားကျွန်း- ရသေ့တောင်- ဘူး သီးတောင်- မောင်တောမြို့တို့ကို နိုင်ငံ တော်ဓာတ်အားစနစ်ဖြင့် လျှပ်စစ်မီးရရှိ ရေးအတွက် ငွေကျပ် ၃ဝ ဒသမ ၃၃၅ ဘီလီယံ ကုန်ကျခံတည်ဆောက်ခဲ့ ကြောင်း သိရသည်။

ကျော်သူဝင်း၊ အောင်ကျော်ဦး
ဓာတ်ပုံ- မောင်ကျော်ကြီး

Moi: https://www.facebook.com/MOIWebportalMyanmar/photos/a.328140600647146/1787575011370357/?type=3&theater

You may also like