Home ရိုဟင်ဂျာ သတင်း မတရားဖမ်းဆီးထားသော ရိုဟင်ဂျာများအား မဟုတ်မမှန်ထောင်ကျခြင်း နှင့် နည်းမျိုးစုံဖြင့် နှိက်စက်ခြင်းကို မျိုးပါပျက်အောင် မြန်မာအစိုးရက မျက်ခြေမပျက်လုပ်ဆောင်နေလျှက်ရှိ

မတရားဖမ်းဆီးထားသော ရိုဟင်ဂျာများအား မဟုတ်မမှန်ထောင်ကျခြင်း နှင့် နည်းမျိုးစုံဖြင့် နှိက်စက်ခြင်းကို မျိုးပါပျက်အောင် မြန်မာအစိုးရက မျက်ခြေမပျက်လုပ်ဆောင်နေလျှက်ရှိ

Photo Credit:

၃၀ အောက်တိုဘာလ ၊ ၂၀၁၈ ခု။

မြန်မာ တပ်မတော်က အပြစ်မဲ့ရိုဟင်ဂျာများကို မတရားဖမ်းဆီးပြီး ထောင်(၁၀/၁၅)နှစ်အထိ ထောင်ချခဲ့သည်အပြင် အကျဉ်းထောင်တွင် နေမကောင်းခြင်းဖြစ်ခဲ့လျှင် ဆေးကုသမရ၍ သေဆုံးသွားခဲ့ကြောင်း များစွာရှိခဲ့ပါသည်။ ထောင်ဒဏ်ခံရသူများကို ခွဲခြားဆက်ဆံပြီး ဆေးမပေးခဲ့သည်အပြင် ငွေရှိခဲ့လျှင်လည်း ဆေးများကို နှစ်ဆတက်ပို့ပေးရ၍ ငွေတတ်နိုင်သူများသုံးနိုင်ပြီး ငွေမရှိသူများသည် သေဒဏ်ခံခဲ့ရသည်ဟု AT သတင်းဌာနသို့ပြောဆိုပါသည်။

အဆိုပါ ထောင်ကျခံခဲ့နေရသူများကို ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်တွင် ထားခဲ့ခြင်းဖြစ်ကြောင်း ယခုအချိန်တွင် လူဦးရေ (၄၀၀) ကျော်ကို ကျောက်ဖြူ အကျဉ်းထောင်၌ ပို့ဆောင်နေသည်ကို သူတို့၏ မိသားစုများက အလွန် စိုးရိမ်မကင်းဖြစ်နေပါ၍ AT News သို့ပြောဆိုနေပါသည်။ ဤကဲ့သို့ ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်တွင် ရှိခဲ့သည်အခါ ဘာသာရေး ခွဲခြားဆက်ဆံခံရပြီး ဆေးကုသမှုခံယူခြင်းမရှိသဖြင့် သေဆုံးသူများရှိခဲ့ပါသည် ယခုအခါ ကျောက်ဖြူ အကျဉ်းထောင်သည် ၎င်းအကျဉ်းသားများ၏ မိသားစုနှင့် မနည်းဝေးကွာသောကြောင်း နှင့် သွားလာရေးကိုလည်း ရိုဟင်ဂျာများအတွက် ပိတ်ပင်ခံနေလျက်သဖြင့်၊ အဘယ်ကြောင့် တွေ့ဆုံးနိုင်မည်ဟု စိုးရိမ်ကြောင်း နှင့် ၎င်းအကျဉ်းသားများ၏ ကျန်းမရေး အခြေအနေ စိုးစိုးဝါးဝါး ဖြစ်မည်အပြင် ဘဝအမခံချက်လည်း (လုံးဝလုံးဝ) မရှိကြောင်းကို အထူးစိုးရိမ်နေပါသည်။

မြန်မာအစိုးရသည် ဒေသခံရိုဟင်ဂျာများကို မတော်မတရား မမှန်မကန်စွပ်စွဲချက်နှင့် ပတ်သက်ပြီး မတိုက်တန်သော ထောင်ဒဏ်ကျခံခဲ့ခြင်းဖြစ်ပြီး ယ္ခု ကျောက်ဖြူ အကျဉ်းထောင် အပြောင်အလဲ၊ လုပ်ဆောင်ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းဟုတွေ့ရှိရသည်။ ဤကဲ့သို့ ရိုဟင်ဂျာတစ်မျိုးလုံးသည် ခွဲခြားဆက်ဆံခံရမှု၊ အဘက်ဘက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ဘူးသီးတောင် ထောင်အကျဉ်းသားများကို ကျောက်ဖြူ အကျဉ်းထောင်သို့ အပြောင်းအလဲမပြုရန် ကမ္ဘာ ကုလသမဂ္ဂ၏ တာဝန်ရှိပုဂ္ဂိုလ်များကို တင်ပြတောင်းဆိုလာပါသည်။

Arakan Times Media: http://www.arakantimes.org/2018/10/30/%e1%80%99%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%96%e1%80%99%e1%80%b9%e1%80%b8%e1%80%86%e1%80%ae%e1%80%b8%e1%80%91%e1%80%ac%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac-%e1%82%90%e1%80%ad%e1%80%af%e1%80%9f/

You may also like