Home မြန်မာသတင်း ပထမ အသုတ်အဖြစ် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် လူ ၃ ထောင် နေရပ်ပြန်မယ်

ပထမ အသုတ်အဖြစ် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် လူ ၃ ထောင် နေရပ်ပြန်မယ်

A group of Rohingya refugee people walk in the water after crossing the Bangladesh-Myanmar border in Teknaf, Bangladesh, September 1, 2017. REUTERS/Mohammad Ponir Hossain – RC11FB1F2B70

Photo Credit:

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ နေရပ်ပြန်လိုသူ ၃ ထောင်ကို ပြန်ပို့မယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ် အကြောင်းကြားချက်ကို ကြိုဆိုတယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ ၇ ရက်နေ့ ညနေ နေပြည်တော်မှာ ကျင်းပတဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ မြန်မာဘက်က စိစစ် အတည်ပြုပြီးသား နေရပ်စွန့်ခွာသူ လူ ၃ ထောင်ကို ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြောတဲ့အတွက် ကြိုဆိုကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) က ထုတ်ပြန်တဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေကို အရေးယူဖို့ ဆက်လုပ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ မကြာခင်မှာ မြန်မာအစိုးရက သတင်းထုတ်ပြန်ဖို့ ရှိတယ်လို့ ဦးဇော်ဌေးက ပြောသွားပါတယ်။

 

Link: http://www.mcntv.biz/news/local-news/80807/

You may also like