Home အာရ်ကန်သတင်း ရိုဟင်ဂျာတွေ နှိပ်စက်ခံရမှု အထောက်အထား တွေ့ရှိ

ရိုဟင်ဂျာတွေ နှိပ်စက်ခံရမှု အထောက်အထား တွေ့ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ဒုက္ခသည်စခန်းအနီးမှာ ကလေးငယ်တစ်ဦးကို ၂ဝ၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်

Photo Credit By : RFA

2018-07-05

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကိုရောက်ရှိလာတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ဆေးပညာရှင်တွေက စစ်ဆေးခဲ့ရာမှာ သူတို့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ပစ်ခတ်ခြင်း ဓါးနဲ့ခုတ်ခြင်း ရိုက်နှက် ကန်ကျောက်ခြင်း စတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ပြုလုပ်ခဲ့ကြောင်း မှန်ကန်တဲ့ အထောက်အထားတွေ တွေ့ရှိရတယ်လို့ မနေ့ကရတဲ့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

အဲဒီသူတွေကို စစ်ဆေးခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့ PHR (Physicians for Human Rights) က တွေ့ရှိချက်တွေကို ဒီလအတွင်း အစီရင်ခံစာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့ဟာ ကျပ်ပြင်ဆိုတဲ့ရွာက ထွက်ပြေးလာတဲ့ ဒုက္ခသည် ၂၅ ဦးကို တွေ့ဆုံစစ်ဆေးခဲ့ပါတယ်။ အဲဒီရွာမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ရွာသားတွေကို သတ်ဖြတ်၊ မုဒိမ်းကျင့်၊ အိမ်မီးရှို့စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပြီး အသတ်ခံခဲ့ရသူဦးရေဟာ ရာနဲ့ချီပြီး ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

RFA : https://www.rfa.org/burmese/news/bangladesh-rohingya-07052018223338.html

You may also like